BENEFITS provided to members of UMFCCI are : 

အသင်းဝင်ထားသော အသင်းသားများအနေဖြင့် 

(က)     Export တင်ပို့ရာတွင်လိုအပ်သည့် ပင်းရင်းနိုင်ငံသက်သေခံလက်မှတ်( Country of Origin ) လက်မှတ်ထုတ်ယူနိုင်ခြင်း။

(ခ)        Export/Import လိုင်စင် လျှောက်ထားရာတွင် အဆင်ပြေချောမွေ့ခြင်း။

(ဂ)        နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း အဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်ခြင်း။

(ဃ)      အသင်းချုပ်က ဖိတ်ကြားထားသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ အခမ်းအနား များသို့ တက်ရောက်ခွင့်၊ ဆွေးနွေးခွင့်နှင့် အကြံပေးနိုင်ခွင့်ရှိသည်။

(င)        အသင်းချုပ်က စီစဉ်သော ပြည်တွင်းပြည်ပ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေးခရီးများ၊ ကုန်စည်ပြပွဲများ စသည်တို့တွင် ပါဝင်တက်ရောက်ဆည်းပူး လေ့လာခွင့် ရှိသည်။

(စ)        အသင်းချုပ်က စီစဉ်ပြုစုဖြန့်ဝေသော  သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများကို လက်ခံရယူနိုင်ခွင့် နှင့် ဝန်ဆောင်မှုများကို ခံစားခွင့်ရှိသည်။

(ဆ)      အသင်းချုပ်၏ အသင်းသားစုံညီအစည်းအဝေးနှင့် အခြားသက်ဆိုင်ရာ အစည်းအဝေးများတွင် ဖိတ်ကြား ချက်အရဆွေးနွေးခွင့်၊ မေးမြန်းခွင့်၊ အဆိုပြုခွင့်၊ ကန့်ကွက်ခွင့်နှင့်မဲဆန္ဒပေးခွင့်ရှိသည်။ (တွဲဖက်အသင်းသား နှင့် ဂုဏ်ထူးဆောင် အသင်းသားများသည် တက်ရောက်ဆွေးနွေး အကြံပေးနိုင်ခွင့်ရှိသော်လည်း ရွေးချယ်ခံပိုင်ခွင့် နှင့် မဲဆန္ဒပေးခွင့်မရှိစေရ။)

(ဇ)       အသင်းချုပ်၏ တိုးတက်ကြီးပွားအောင်မြင်ရေးကိုရှေးရှု၍ ကောင်းမြတ်သော အကြံဉာဏ်များ၊ စာတမ်းများ စသည်တို့ကို တင်ပြခွင့်ရှိသည်။

(ဈ)       အသင်းချုပ်၏ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ အမှုဆောင်အဖြစ် ရွေးချယ်ခံနိုင်ခွင့်ရှိသည်။ လုပ်ငန်း ကော်မတီများတွင် ပါဝင်နိုင်ခွင့်ရှိသည်။

(ည)      အသင်းသားတစ်ဦးသည် သာမန်အားဖြင့် မဲဆန္ဒပေးပွဲတစ်ကြိမ်လျှင် ဆန္ဒမဲ တစ်မဲပေးခွင့်ရှိသည်။

 

အသေးစိတ်စုံစမ်းလိုပါက -

အသင်းသားရေးရာဌာန ဖုန်း 01-2314344~2314349 (Ext.131, 412) ,09-450200350, 09-450200340

 

Back